Skip to content
တောလည်ရာကျမ်း 29:22-39

တောလည်ရာကျမ်း 29:22-39

22
အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
23
စတုတ္ထနေ့၌ နွားထီးဆယ်ကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
24
သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
25
အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
26
ပဉ္စမနေ့၌ နွားထီးကိုးကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
27
သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
28
အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
29
ဆဌမနေ့၌၊ နွားထီးရှစ်ကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
30
သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
31
အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ပူဇော်ရမည်။
32
သတ္တမနေ့၌ နွားထီးခုနစ်ကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ် လေးကောင်ကို၎င်း၊
33
သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
34
အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
35
အဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
36
ထိုနေ့၌ ထာဝရဘုရားဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြု သော မီးရှို့ရာယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်ကို၎င်း၊
37
သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
38
အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
39
ထိုသို့ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာပူဇော်သက္ကာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက်သော ပွဲတို့၌ ထာဝရဘုရားအား ထပ်၍ ပူဇော်ရမည်ဟု မိန့်တော်မူ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options