Skip to content
တောလည်ရာကျမ်း 26:27-51

တောလည်ရာကျမ်း 26:27-51

27
ဤသူတို့သည် ဇာဗုလုန် အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်းငါးရာ ရှိသတည်း။
28
ဘိုးဘ အဆွေအမျိုးအလိုက် ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့တွင်
29
မနာရှေ၏သားဟူမူကား၊ မာခိရမှ ဆင်းသက် သော မာခိရိ အဆွေအမျိုး၊
30
ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး၊
31
အသရေလမှဆင်းသက်သော အာသရေလိ အဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊
32
ရှမိဒမှ ဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖါမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေ အမျိုးတည်း။
33
ဟေဖါ၏သား ဇလောဖဒ်၌ကား၊ သား ယောက်ျားမရှိ၊ သမီး သက်သက်သာရှိ၏။ ဇလောဖဒ်၏ သမီးတို့ အမည်ကား၊ မာလာ၊ နော အာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
34
ဤသူတို့သည် မနာရှေအဆွေအမျိုး ဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းနှစ်ထောင် ခုနစ်ရာ ရှိသတည်း။
35
ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သား ဟူမူကား၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိ အဆွေအမျိုး၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။
36
ရှုသေလ၏သား ဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။
37
ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ သုံးသောင်းနှစ်ထောင် ငါးရာရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ်၏သား စဉ်မြေးဆက်ဖြစ်သတည်း။
38
ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန်၏သား ဟူမူကား၊ ဗေလမှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလမှ ဆင်းသက်သော အာရှဗေလိအဆွေအမျိုး၊ အဟိရံမှဆင်းသက်သော အဟိရ မိအဆွေအမျိုး။
39
ရှုဖံမှဆင်းသက်သော ရှုဖမိ အဆွေအမျိုး၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း။
40
ဗေလသား အာရဒမှဆင်းသက်သော အာရဒိ အဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိ အဆွေ အမျိုးတည်း။
41
ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား လေးသောင်းငါးထောင် ခြောက်ရာ ရှိသတည်း။
42
ဘိုးဘ အဆွေအမျိုးအလိုက် ဒန်၏သား ဟူမူ ကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုး ဖြစ်၍၊
43
စာရင်းဝင်သော ရှုလမိလူပေါင်းကား၊ ခြောက် သောင်းလေးထောင်လေးရာ ရှိသတည်း။
44
ဘိုးဘ အဆွေအမျိုးအလိုက် အာရှာ၏သား ဟူမူကား၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး၊ ယေသဝိမှဆင်းသက်သော ယေသဝိ အဆွေအမျိုး၊ ဗေရိတ်မှဆင်းသက်သော ဗေရိတ် အဆွေအမျိုးတည်း။
45
ဗေရိ၏သား ဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေ အမျိုး၊ မာလချေလမှ ဆင်းသက်သော မာလချေလိ အဆွေအမျိုးတည်း။
46
အာရှာ၏ သမီးအမည်ကား၊ စာရာတည်း။
47
ဤသူတို့သည် အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းသုံးထောင် လေးရာ ရှိသတည်း။
48
ဘိုးဘ အဆွေအမျိုးအလိုက် နဿလိ၏သား ဟူမူကား၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေ အမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊
49
ယေဇေရမှ ဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုး တည်း။
50
ဤသူတို့သည် နဿလိအဆွေ အမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ လေးသောင်းငါးထောင် လေးရာရှိသတည်း။
51
ထိုသို့ ဣသရေလအမျိုး၊ စာရင်းဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ် ရှိ သတည်း။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options