ရှင်မာကုခရစ်ဝင် 9:42
အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 42 ကို ပြသနေသည်။
39
ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ ငါ့နာမကို အမှီပြုလျက် တန်ခိုးကိုပြ၍ ငါ့ကိုအလွယ်တကူ ကဲ့ရဲ့နိုင်သောသူတယောက်မျှမရှိ။
40
သင်တို့၏ရန်သူဘက်၌မရှိသောသူသည် သင်တို့ ဘက်၌ရှိ၏။
41
သင်တို့သည်ခရစ်တော်နှင့် ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အား ရေ တခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲနေရာ၊ ငါအမှန်ဆို၏။
42
ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည် မှားယွင်းစေ၏။ ထိုသူသည် လည် ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ကောင်း၏။
43
သင်၏လက်သည်သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ်လော့။
44
ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက် ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။
45
သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ခြေကိုဖြတ်လော့။
Settings