Skip to content
ရှင်လုကာခရစ်ဝင် 6:1-5

ရှင်လုကာခရစ်ဝင် 6:1-5

1
ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောင်ကြွတော်မူလျှင်၊ တပည့် တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်စားကြ၏။
2
ဖာရိရှဲအချို့တို့က၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကိုသင်တို့သည် အဘယ်ကြောင့်ပြုကြသနည်းဟု ဆို ကြသော်၊
3
ယေရှုက၊ ဒါဝိဒ်သည် မိမိအဘော်သို့နှင့်တကွ မွတ်သိပ်သောအခါ၊
4
ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော် မုန့်ကို ယူစား၍၊ မိမိအဘော်တို့အားပေးသည်အကြောင်းကိုမျှ သင်တို့သည်မတတ်ဘူးသလော။
5
ထိုမှတပါး၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options