ရှင်လုကာခရစ်ဝင် 2:21-23
21
ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ရောက် လျှင်၊ ပဋိသန္ဓေစွဲတော်မမူမှီ ကောင်းကင်တမန် မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ၏။
22
ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ၊ မိဘတို့ သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား၍၊
23
သားဦးယောက်ျားအပေါင်းတို့သည် ဘုရားအဘို့ သန့်ရှင်းရကြ၏ဟု ထာဝရဘုရား၏ ပညတ္တိကျမ်းလာ သည်နှင့်အညီ၊ ထာဝရဘုရားအား ဆက်ကပ်ပြီးမှ၊
Settings