Skip to content
ရှင်လုကာခရစ်ဝင် 1:57-64

ရှင်လုကာခရစ်ဝင် 1:57-64

57
ဧလိရှဗက်သည် ဘွားအံ့သောနေ့လစေ့သောအခါ သားယောက်ျားကိုဘွားမြင်၏။
58
ထာဝရဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အားပြုတော်မူသည်ကို၊ အိမ် နီးချင်းအဆွေအမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။
59
ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို သူငယ်အားပေးအံ့သောငှါလာကြ၍၊ အဘ၏အမည် ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်သောအခါ အမိက၊ ထိုသို့မမှည့်ရ။
60
ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊
61
ယောဟန်အမည်ဖြင့် သင်၏အဆွေအမျိုးတွင် တယောက်ကိုမျှမမှည့်ဟုဆို၍၊
62
အဘသည်အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့်မေးကြ၏။
63
အဘသည်လည်း သင်ပုံးကိုတောင်း၍၊ သူ၏အမည်ကားယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူ အ ပေါင်းတို့သည် အံ့ဩခြင်းရှိကြ၏။
64
ထိုခဏခြင်းတွင် ဇာခရိသည်နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍၊ စကားအားဖြင့် ဘုရားသခင် ၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options