ရှင်လုကာခရစ်ဝင် 1:26-33
26
ငါးလလွန်သောအခါ၊ ဂါလိလဲပြည်နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့်၍၊
27
မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေ လွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။
28
ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။
29
မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။
30
ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာ ရပြီ။
31
သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရ မည်။
32
ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်သခင်သည် သူ့အားပေးတော်မူ မည်။
33
ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို၏။
Settings