အကြောင်းအရာသို့ ကျော်သွားရန်
ဝတ်ပြုရာကျမ်း 4:27-35

သာမန်လူအတွက် ယဇ်

ဝတ်ပြုရာကျမ်း 4:27-35
27
ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ် မှား၍၊ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊-
28
မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဘို့ အပြစ်မပါသော ဆိတ်သငယ်အမကို ဆောင်ခဲ့ရမည်။
29
အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ ထိုဆိတ်ကို သတ်ရမည်။
30
ယဇ်ပုရောဟိတ်သည် အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင် ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။
31
မိဿဟာယယဇ်ကောင်ဆီဥကို ယူသကဲ့သို့၊ ဆီဥရှိသမျှကို ယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာ ဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
32
သိုးသငယ်ကို အပြစ်ဖြေရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အမကို ဆောင်ခဲ့ရမည်။
33
အပြစ်ဖြေရာ ယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကို တင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါ သတ်ရမည်။
34
ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင် အသွေးကို လက်ညှိုးနှင့် ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ ဖြန်းသော အသွေးကို ထိုပလ္လင် ခြေရင်းနား၌ သွန်ရမည်။
35
မိဿဟာယယဇ်ကောင် သိုးသငယ်ဆီဥကို ပြုသကဲ့သို့၊ ဆီဥရှိသမျှကို ယူ၍၊ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options