Skip to content
ဝတ်ပြုရာကျမ်း 2:1-13

ဝတ်ပြုရာကျမ်း 2:1-13

1
ထာဝရဘုရားအား ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ မုန့်ညက်ကို ဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်း ထည့်ပြီးမှ၊
2
အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကို ယူ၍၊ ထိုအတွက် အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
3
ကျန်ကြွင်းသော ဘောဇဉ် ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
4
မီးဖို၌ ဖုတ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီနှင့် မုန့်ညက်ဖြင့် လုပ်သော တဆေးမဲ့ မုန့်ပြားသော်၎င်း၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်သော်၎င်း ဖြစ်ရမည်။
5
သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသော မုန့်ညက် နှင့် လုပ်ရမည်။
6
ထိုမုန့်ကို ချိုးဖဲ့၍ ဆီကို လောင်းရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။
7
အိုးကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရောသော မုန့်ညက်နှင့် လုပ်ရမည်။
8
ထိုဘောဇဉ် ပူဇော်သက္ကာအမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် အား ဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ ဆောင်ခဲ့ရမည်။
9
ထိုဘောဇဉ် ပူဇော်သက္ကာထဲက အတွက်အတာကို နှိုက်ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
10
ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
11
ထာဝရဘုရားအား ဆက်သော ဘောဇဉ်ပူဇော်သက္ကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီးမရှို့ရ။ ပျားရည်ကိုလည်း မရှို့ရ။
12
အဦးသီးသော အသီးအနှံကို ပူဇော်သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးမရှို့ရ။
13
ဘောဇဉ် ပူဇော်သက္ကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ် ပူဇော်သက္ကာ၌၊ သင်၏ ဘုရားသခင် ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options