Skip to content
ယောရှုမှတ်စာ 22:10-12

ယော်ဒန်မြစ်အရှေ့ဘက်အနွယ်တို့က ယဇ်ပလ္လင်တည်ခြင်း

ယောရှုမှတ်စာ 22:10-12
10
ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သော အခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင် ကြီးကို တည်ကြ၏။
11
ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ခါနာန်ပြည်တဘက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည် ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ ၏။
12
ထိုသိတင်းကို ကြားသောအခါ၊ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ၊ ရှိလောမြို့၌ စည်းဝေးကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်