20
ယုဒပြည်မူကား၊ ထာဝရပြည်၊ ယေရုရှလင်မြို့မူကား၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည်။
21
ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့်၊ ငါသည် မပေးသေးသောဒဏ်ကို တဖန်ပေးဦးမည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း။ ပရောဖက်ယောလစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။