ယောဘဝတ္ထု 30:9-15
9
ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံ ခိုင်းရာ ဖြစ်ပါသည်တကား။
10
ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ။
11
ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။
12
သူငယ်တို့သည်ငါ့လက်ျာဘက်၌ထ၍၊ ငါ့ခြေကို တွန်းကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ၏။
13
ငါ့လမ်းကို ဖျက်၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစား ကြ၏။ သူတို့တွင် သတိပေးသောသူမရှိ။
14
ကျယ်သော တွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကို တိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ငါ့ထံသို့ တဟုန်တည်း ပြေးလာကြ၏။
15
ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့ အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက် သဖြင့်၊ ငါ့စည်းစိမ်သည် မိုဃ်းတိမ်ကဲ့သို့ လွင့်ကုန်ပြီ။
Settings