Skip to content
ယေရမိအနာဂတ္တိကျမ်း 5:1-6

ယေရမိအနာဂတ္တိကျမ်း 5:1-6

1
ယေရုရှလင်မြို့ကို အပြစ်မှ ငါလွှတ်မည် အကြောင်း၊ တရားသဖြင့် ကျင့်သောမြို့သား၊ သစ္စာစောင့် သောမြို့သား တစုံတယောက်မျှရှိလျှင်၊ ထိုသူကို တွေ့အံ့ သောငှါ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သော အရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။
2
သူတို့က၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟုဆိုသော်လည်း၊ အကယ်စင်စစ်မဟုတ်မမှန် ကျိန်ဆိုတတ်ကြ၏။
3
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သောစိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့ မျက်နှာ ကို ကျောက်ထက်သာ၍ မာစေကြပါပြီ။ ငါတို့သည် ပြန်၍ မလာဟု ငြင်းဆန်လျက်နေကြပါပြီ။
4
ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ ဘုရားသခင်စီရင်တော်မူရာကို၎င်း၊ မသိ သောကြောင့် မိုက်ကြ၏။
5
လူကြီးများထံသို့ ငါသွား၍ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကို၎င်း သိကြ၏ဟုဆိုသော်လည်း၊ သူတို့ သည် ထမ်းဘိုးတော်ကိုချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ။
6
ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ ကို သတ်လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကို စောင့်၍၊ မြို့ပြင်သို့ထွက် သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options