ယေရမိအနာဂတ္တိကျမ်း 49:5-8
5
ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်ပတ်လည်၌နေသော သူအပေါင်းတို့ကြောင့် ကြောက်လန့်သော အကြောင်းကို သင်၌ငါဖြစ်စေမည်။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေးစေသော သူလည်းမရှိရ။
6
သို့သော်လည်း၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
7
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ တေမန် ပြည်၌ပညာကုန်သလော။ ပညာသတိရှိသောသူတို့သည် အကြံမပေးနိုင်သလော။ သူတို့ဉာဏ်သည် ဆုံးသလော။
8
အိုဒေဒန်မြို့သူမြို့သားတို့၊ ဆုတ်၍ ပြေးသွားကြ လော့။ နက်နဲသောအရပ်၌ နေကြလော့။ ဧသောတွေ့ရ သောဘေး၊ ဆုံးမခြင်းကိုခံရသော အချိန်ကို ငါရောက် စေမည်။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်