Skip to content
ယေရမိအနာဂတ္တိကျမ်း 49:18-20

ယေရမိအနာဂတ္တိကျမ်း 49:18-20

18
သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့ တို့၏ ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ၏။
19
ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
20
သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တဘက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်