Skip to content
ယေရမိအနာဂတ္တိကျမ်း 31:3-8

ယေရမိအနာဂတ္တိကျမ်း 31:3-8

3
ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။
4
အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည်။
5
ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။
6
ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြ လော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
7
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ် အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆို လျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။
8
သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီး စွန်းမှ စုသိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက်၊ ကြီးစွာသော အစည်း အဝေးတို့သည် ပြန်လာကြလိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options