Skip to content
ယေရမိအနာဂတ္တိကျမ်း 31:15-17

ရာခေလငိုကြွေး၍ ဘုရားသခင် နှစ်သိမ့်တော်မူခြင်း

ယေရမိအနာဂတ္တိကျမ်း 31:15-17
15
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ် ၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။
16
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏ သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။
17
သင်၏အဆုံး၌ မြော်လင့်စရာအကြောင်း ရှိ၏။ သင်၏ သားတို့သည် နေရင်းပြည်သို့ပြန်လာကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options