ယေရမိအနာဂတ္တိကျမ်း 12:5-13
5
သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍ မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာ နေရသောပြည်၌ မောလျှင်၊ ယော်ဒန်မြစ်၏ ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း။
6
သင်၏ညီအစ်ကို၊ အဘ၏ အိမ်သူအိမ်သားတို့ ပင် သင့်ကို သစ္စာဖျက်၍၊ သင့်နောက်သို့ အော်ဟစ်လျက် လိုက်ကြ၏။ သူတို့သည် ကောင်းသောစကားကို ပြော သော်လည်း မယုံနှင့်။
7
ငါသည်ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကို ပစ်ထားပြီ။ ငါအလွန်ချစ်သောအစ်မကို သူ၏ ရန်သူ လက်သို့အပ်နှံပြီ။
8
ငါ့အမွေသည် တော၌ တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ်၍၊ ငါ့ကို ဟောက်သောကြောင့် ငါမုန်းလေ၏။
9
ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အား ဖြစ်၏။ ပတ်လည်၌ရှိသော သားရဲတို့သည် တိုက်ကြ၏။ လာကြ။ တောသားရဲအပေါင်းတို့၊ စည်းဝေးကြ။ ကိုက်စား ခြင်းငှါ လာကြစေ။
10
များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ် ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဘို့ကို ကျော်နင်း ကြပြီ။ ငါရထိုက်သောနှစ်သက်ရာအဘို့ကို လူဆိတ်ညံရာ တောဖြစ်စေကြပြီ။
11
သုတ်သင်ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့အား ညဉ်းတွားလေ၏။ တပြည်လုံးပျက်စီး သော်လည်း၊ အဘယ်သူမျှပမာဏ မပြုတတ်။
12
တော၌ မြင့်သော အရပ်အလုံးစုံတို့အပေါ်မှာ လုယက်သော သူတို့သည် တက်ကြပြီ။ အကယ်စင်စစ် ပြည်စွန်းတဘက်မှ တဘက်တိုင်အောင် ထာဝရဘုရား၏ ထားတော်သည် ဖျက်ဆီးသဖြင့်၊ အဘယ်သူမျှ ချမ်းသာ မရ။
13
သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။
Settings