Skip to content
ဟေရှာယအနာဂတ္တိကျမ်း 8:1-8

ဟေရှာယအနာဂတ္တိကျမ်း 8:1-8

1
တဖန်ထာဝရဘုရားက၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန် ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ် ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထား လော့ဟု ငါ့အား မိန့်တော်မူ၏။
2
ထိုအခါ သက်သေခံစေခြင်းအလိုငှါ၊ ယုံလောက် သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏ သား ဇာခိရိတို့ကို ငါခေါ်ထား၏။
3
ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်း သဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလဟာရှဗတ်ဟူသော အမည်ဖြင့်မှည့်လော့။
4
အကြောင်းမူကား။ ထိုသူငယ်သည် အမိအဘ ဟူမခေါ်တတ်မှီ၊ ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက် သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွား လိမ့်မည်ဟု မိန့်တော်မူ၏။
5
တဖန်ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်း ညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊
6
ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြ သောကြောင့်၊
7
ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှု ရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍များသော မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့်။ ထိုမြစ် သည် မိမိချောင်များကို လွှမ်း၍၊ မိမိကမ်များကို လျှံလျက်၊
8
ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မှီလိမ့်မည်။ သူ၏ အတောင်တို့ကို လည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတပြင်လုံးကို အုပ်မိုး လိမ့်မည်၊ အိုဧမာနွေလဟု မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options