Skip to content
ဟေရှာယအနာဂတ္တိကျမ်း 5:20-23

ဟေရှာယအနာဂတ္တိကျမ်း 5:20-23

20
မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်း ဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌အမိုက်၊ အမိုက် အရာ၌ အလင်းကို၎င်း၊ အချိုအရာ၌ အခါး၊ အခါးအရာ ၌အချိုကို၎င်း၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာ ရှိကြ၏။
21
ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
22
စပျစ်ရည်ကို များစွာသောက်နိုင်သောသူ၊ ဆေးနှင့်ရောသော သေရည်သေရက်ကို သောက်ခြင်း အမှု၌၊ အားကြီးသော သူတို့သည် အမင်္ဂလာရှိကြ၏။
23
ထိုသူတို့သည် တံစိုးကိုစားခြင်းငှါ၊ မတရားသော သူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်