Skip to content
ဟေရှာယအနာဂတ္တိကျမ်း 28:9-14

ဟေရှာယအနာဂတ္တိကျမ်း 28:9-14

9
သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သ နည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါ တို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင် ကွာရသောသူဖြစ်ကြသလော။
10
ပညတ်တခုပေါ်မှာ တခု၊ တခုပေါ်မှာ တခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ်၊ဟိုဘက်မှာ အနည်းငယ်ရှိပါသည် တကားဟု ဆိုကြ၏။
11
အကယ်စင်စစ်၊ စကားမပြီသော နှုတ်၊ ရိုင်း သောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။
12
ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူ တို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည် ဟု မိန့်တော်မူသော်လည်း၊ သူတို့သည်နားမထောင်ကြ။
13
ထို့ကြောင့်၊သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိ ဘမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့၌ ပညတ် တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည်ဘက်မှာ အနည်း ငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
14
သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့ သားအကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် ကို နားထောင်ကြလော့။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options