ဟေရှာယအနာဂတ္တိကျမ်း 13:1-7
1
ဗာဗုလုန်မြို့ကို ရည်ဆောင်၍ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
2
ရှင်းလင်းသော တောင်ပေါ်မှာအလံကို ထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။သူတို့သည် မင်းတို့နေရာတံခါးများကို ဝင်ကြစေ။
3
ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ။
4
ကြီးစွာသော အလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏ အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် စစ်တိုက်ခြင်းငှါ၊ အလုံးအရင်းကိုစီရင် ခင်းကျင်းတော်မူ၏။
5
ထာဝရဘုရားနှင့်အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးကို ဖျက်ဆီးခြင်းငှါ၊ ဝေး သောပြည်၊ ကောင်းကင်စွန်းမှ လာကြ၏။
6
ထာဝရဘုရား၏ နေ့ရက်သည်နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင်စီရင် တော်မူ သော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်။
7
ထိုကြောင့်၊ရှိသမျှသော လက်တို့သည် ကျကြ လိမ့်မည်။ လူအပေါင်းတို့သည် စိတ်ပျက်၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။
Settings