Skip to content
ဟေရှာယအနာဂတ္တိကျမ်း 10:28-34

ဟေရှာယအနာဂတ္တိကျမ်း 10:28-34

28
အာရပ်မြို့သို့ ရောက်လေပြီ။ မိဂရုန်မြို့တိုင် အောင် လွန်သွားပြီ။ မိတ်မတ်မြို့၌ လှည်းများကို ချထားပြီ။
29
တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စားခန်းချ ကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလု နေရာဂိဗာမြို့သည် ပြေး၏။
30
အိုဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ အိုလဲရှမြို့၊ နားထောင်လော့။ အာနသုတ်မြို့သည် အမင်္ဂလာရှိ၏။
31
မာဒမေနမြို့သည် ပြောင်းသွားပြီ။ ဂေဗိပ်မြို့ သားတို့သည် လွတ်အောင်ပြေးကြ၏။
32
နောဘမြို့၌တရက်နေပြီးမှ၊ ဇိအုန်သတို့သမီး၏ တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ်၍၊ မိမိ လက်ကို လှုပ်လိမ့်မည်။
33
ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား သည် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် သစ်ပင် အထွဋ်ကို ပယ်ရှင်းတော်မူမည်။ အရပ်မြင့်သော အခက် တို့ကို ခုတ်လှဲ၍၊ ကြီးမားသော အခက်တို့ကို နှိမ့်ချ တော်မူမည်။
34
တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။ ငါ့စိတ်လည်းပြေလိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options