Skip to content
ကမ္ဘာဦးကျမ်း 50:22-26

ယောသပ်၏ နောက်ဆုံးမှာကြားချက်များနှင့် သေဆုံးခြင်း

ကမ္ဘာဦးကျမ်း 50:22-26
22
ထိုသို့ယောသပ်သည် မိမိအဘ၏ အမျိုးသားတို့နှင့် အဲဂုတ္တုပြည်၌နေ၍၊ အသက်တရာတဆယ်ကိုမှီ၏။
23
ဧဖရိမ်၏မြေးကို မြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာ မွေးစားရ၏။
24
ယောသပ်ကလည်း၊ ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့် အရှုကြွလာတော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့၊ ဤပြည်မှ ဆောင်သွား တော်မူမည်ဟု အစ်ကိုတို့အားဆို၏။
25
တဖန်တုံ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ ကျွန်ုပ်အရိုး တို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျိန်ဆိုစေ၏။
26
ထိုသို့ယောသပ်သည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။ အလောင်ကိုကား၊ နံ့သာမျိုး နှင့် ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည်၌ တလားနှင့်ထားကြလေ၏။ ရှင်မောရှေစီရင်ရေးထားသော ကမ္ဘာဦးကျမ်းပြီး၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options