ကမ္ဘာဦးကျမ်း 38:28
အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 28 ကို ပြသနေသည်။
25
ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ ပို့စေ၍၊ ဤဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မသည် ပဌိသနေယှုပြီ။ ဤဥစ္စာတို့သည် အဘယ်သူ၏ ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟု မှာလိုက်၏။
26
ထိုဥစ္စာ ကိုယုဒမှတ်မိ၍ သူ အပြစ်ထက် ငါ့အပြစ်သာ၍ ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟု ပြောဆို၏။ နောက်တဖန် သူ့ကို မချဉ်းကပ်ဘဲနေ၏။
27
ထိုနောက်တာမာသည် သားဘွားချိန်ရောက် လျှင်၊ ဝမ်းထဲတွင် သားနှစ်ယောက်ရှိ၏။
28
ဘွားစဉ်တွင် သားတယောက်သည် လက်ကို ထုတ်ဆန့်၍၊ ဝမ်းဆွဲက ဤသူငယ်သည် အရင်ဘွားလိမ့် မည်ဟုဆိုလျက် လက်ကိုကိုင်၍ နီသောကြိုးနှင့် စည်းလေ ၏။
29
သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဘွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ် ကြောင့် အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြု သော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖါရက် အမည်ဖြင့် မှည့်လေ၏။
30
ထိုနောက်မှ လက်၌ကြိုးနီစည်းသောညီဘွား၍၊ သူ့ကိုဇာရအမည်ဖြင့် မှည့်သတည်း။
Settings