Skip to content
ကမ္ဘာဦးကျမ်း 35:24-27

ကမ္ဘာဦးကျမ်း 35:24-27

24
ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန် တည်း။
25
ရာခေလ၏ ကျွန်မ ဗိလဟာ သားကား၊ ဒန်နှင့် နဿလိတည်း။
26
လေအာ၏ ကျွန်မ ဇိလပ သားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ ဘွားမြင် သော ယာကုပ်၏သားများတည်း။
27
ထိုနောက် ယာကုပ်သည် အာဗြဟံနှင့်ဣဇာက် တည်းခိုရာ၊ မံရေအရပ်၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့၌နေသော၊ အဘဣဇာက်ထံသို့ ရောက် လေ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်