Skip to content
ကမ္ဘာဦးကျမ်း 31:48-55

ကမ္ဘာဦးကျမ်း 31:48-55

48
လာဗန်ကလည်း၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်သည်ဟုဆို၏။ ထိုကြောင့် ဂိလဒ်ဟူ၍ သမုတ်ကြ၏။
49
မိဇပါဟူ၍ သမုတ်ကြသေး၏။ အကြောင်းမူ ကား၊ လာဗန်က၊ ငါတို့သည် တယောက်နှင့်တယောက် ခွါသွားကြသောနောက်၊ ထာဝရဘုရားသည် ငါနှင့်သင်၏ စပ်ကြား၌စောင့်တော်မူစေသတည်း။
50
သင်သည် ငါ့သမီးတို့ကို ညှဉ်းဆဲသည်ဖြစ်စေ၊ ငါ့သမီးတို့မှ တပါးအခြားသော မိန်းမနှင့် စုံဘက်သည် ဖြစ်စေ၊ ငါတို့၌ လူသက်သေမရှိ၊ ဘုရားသခင်သည် ငါနှင့်သင်၏ စပ်ကြား၌သက်သေမရှိ၊ ဘုရားသင်သည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်း ဟူ၍၎င်း၊
51
တဖန်လည်း၊ ငါနှင့်သင်၏စပ်ကြား၌ သင်သည် တည်လုပ်ခဲ့ပြီးသော ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကို ကြည့်ပါလော့။
52
ငါသည် သင့်ကိုခိုက်ရန်ပြုခြင်းငှါ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရ၊ သင်သည် ငါ့ကိုခိုက်ရန်ပြုခြင်း ငှါ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရဟု ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေဖြစ်စေသ တည်း။
53
အာဗြဟံ၏ ဘုရားသခင်၊ နာခေါ်၏ ဘုရား သခင်၊ သင့်အဘ၏ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
54
ထိုအခါယာကုပ်သည် တောင်ပေါ်မှာ ယဇ် ပူဇော်၍၊ ညီအစ်ကိုများကို အစာစားစေခြင်းငှါ ခေါ်ဘိတ်သဖြင့်၊ သူတို့သည် စားသောက်၍၊ တောင်ပေါ် မှာ ညဉ့်ကို လွန်စေကြ၏။
55
နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများ ကို နမ်းလျက် ကောင်းကြီးပေးပြီးမှ၊ မိမိနေရာပြည်သို့ ပြန်သွားလေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options