Skip to content
ကမ္ဘာဦးကျမ်း 24:3

ကမ္ဘာဦးကျမ်း 24:3

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 3 ကို ပြသနေသည်။
1
အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ။
2
အာဗြဟံသည်၊ မိမိအိမ်သားတို့တွင် အသက်ကြီး ၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊
3
သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့ တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊
4
ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သား ဣဇာက်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ ပေါင်အောက်၌ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင် ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေ ပါမည်ဟုဆို၏။
5
ကျွန်ကလည်း၊ မိန်းမသည်ဤပြည်သို့ ကိုယ်တော် ၏သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော်၊
6
အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍ မသွား နှင့်။ သတိပြုလော့။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်