Skip to content
ကမ္ဘာဦးကျမ်း 19:31-38

ကမ္ဘာဦးကျမ်း 19:31-38

31
သမီးအကြီးက၊ ငါတို့အဘ အိုပြီး မြေကြီးသား အပေါင်းတို့၏ ဘာသာအတိုင်း ငါတို့ထံသို့ ဝင်ရသော ယောက်ျားတယောက်မျှ မြေပေါ်မှာ မရှိ။
32
လာကြ။ ငါတို့အဘကိုစပျစ်ရည်တိုက်ကြစို့။ ငါတို့အဘ၏ အမျိုးအနွယ်ကို စောင့်မ၍ သူနှင့်အိပ်ကြ စို့ဟု ညီမကိုပြောဆို၏။
33
ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင်၊ သမီးအကြီးသည် ဝင်၍ အဘနှင့် အိပ်လေ ၏။ သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း အဘ မသိ။
34
နက်ဖြန်နေ့တွင် အကြီးကလည်း မနေ့ညမှာ ငါသည် အဘနှင့် အိပ်လေပြီ။ ယနေ့ညတဖန်သူ့ကို စပျစ် ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှါ၊ သူနှင့်အိပ်လော့ဟု ညီမကို ပြောဆို၏။
35
ထိုနေ့ည၌လည်း သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင်၊ အငယ်သည်ဝင်၍အဘနှင့် အိပ်လေ၏။ အိပ်ကြောင်းကို၎င်း၊ တကြောင်းကို၎င်း အဘမသိ။
36
ထိုသို့လောတ၏ သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏။
37
သမီးအကြီးသည် သားကို ဘွား၍မောဘအမည် ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏ အဘဖြစ်သတည်း။
38
သမီးအငယ်သည်လည်း သားကိုဘွား၍ ဗေနမ္မိ အမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင် ရှိသော အမ္မုန်အမျိုးသားတို့၏ အဘဖြစ်သတည်း။

ဤကျမ်းပိုဒ်ကို လေ့လာရန်

ကျမ်းပိုဒ်တစ်ခုလုံးအတွက် ဖွင့်ဆိုချက်

ကျမ်းစာ၏ အခြားနေရာများတွင် ဤသို့ဖော်ပြထားသည်။

  • တရားဟောရာကျမ်း 2:9

    ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အား ငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
    အခန်းငယ် 37 မှ
  • တရားဟောရာကျမ်း 2:19

    အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
    အခန်းငယ် 37 မှ
  • တရားဟောရာကျမ်း 25:5

    အတူနေသော ညီအစ်ကို တို့တွင်၊ တစုံတ ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်း ကို မပြုရ။ သူ၏လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကို ပြုရမည်။
    အခန်းငယ် 31 မှ
  • ဝတ်ပြုရာကျမ်း 18:6

    သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
    အခန်းငယ် 32 မှ
  • ဝတ်ပြုရာကျမ်း 18:7

    သင်၏ အဘနှင့်သာဆိုင်သော သင်၏ အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။
    အခန်းငယ် 32 မှ
  • ကမ္ဘာဦးကျမ်း 4:1

    ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကို ဘွားမြင် လျှင်၊ ထာဝရဘုရား၏ လူကို ငါရပြီဟုဆိုလေ၏။
    အခန်းငယ် 31 မှ
  • ကမ္ဘာဦးကျမ်း 6:4

    ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏ သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။
    အခန်းငယ် 31 မှ
  • ကမ္ဘာဦးကျမ်း 16:2

    စာရဲက၊ အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။
    အခန်းငယ် 31 မှ
  • ကမ္ဘာဦးကျမ်း 16:4

    အာဗြံသည်လည်း ဟာဂရထံသို့ ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီ မဲ့မြင်ပြုလေ၏။
    အခန်းငယ် 31 မှ
  • ဟေရှာယအနာဂတ္တိကျမ်း 4:1

    သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့် မည်။ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျား တယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မ တို့ကို မောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။
    အခန်းငယ် 31 မှ
  • ကမ္ဘာဦးကျမ်း 11:3

    သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်း ရပြီးလျှင်၊
    အခန်းငယ် 32 မှ
  • ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:15

    မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို၍၊ သူ့ကို ယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း၍ သောက်စေသော သူသည် အမင်္ဂလာရှိ၏။
    အခန်းငယ် 32 မှ
All Genesis Sites (Canaan)
All Genesis Sites (Canaan) View full PDF
All Genesis Sites (Middle East)
All Genesis Sites (Middle East) View full PDF
Lot’s Flight from Sodom
Lot’s Flight from Sodom View full PDF

Map © Biblica Open Bible Maps · CC BY-SA 4.0

Settings

Reading Style

Typeface

Font Size 19px

Options