Skip to content
ဧဇရမှတ်စာ 8:16-20

ဧဇရမှတ်စာ 8:16-20

16
လူကြီးဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊
17
ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့် စေ လွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကိုဘုရားကျွန်တို့သည်၊ ငါတို့ဘုရား သခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှါ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။
18
ထိုသူတို့သည် ငါတို့၏ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့်၊ ဣသရေလသားလေဝိ၏သား မဟာလိအမျိုးသား၊ ပညာရှိတယောက်၊ ရှေရဘိနှင့် သူ၏ပေါက်ဘော်တကျိပ်ရှစ်ယောက်၊
19
ဟာရှဘိနှင့် မေရာရိအမျိုး ယေရှာယနှင့်သူ၏ ပေါက်ဘော်နှစ်ကျိပ်၊
20
လေဝိသားအမှုကိုဆောင်ရွက်စေခြင်းငှါ၊ ဒါဝိဒ် နှင့်မှူးတော်မတ် တော်ခန့်ထားသော ဘုရားကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ်ရာနှစ်ကျိပ်တို့ကို ခေါ်ခဲ့ ကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options