Skip to content
ဧဇရမှတ်စာ 5:13-17

ဧဇရမှတ်စာ 5:13-17

13
ဗာဗုလုန်ရှင်ဘုရင်ကုရုသည်၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော် မူ၏။
14
နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန် တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗု လုန်မြို့၏ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှေရှဗာဇာအမည် နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော် မူလျက်၊
15
ဤတန်ဆာတို့ကိုယူ၍ ယေရုရှလင်မြို့၏ ဗိမာန် တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏ အိမ်တော် ကိုမိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊
16
ထိုရှေရှဗာဇာသည် လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စ မသတ်သေးဟု ပြန်ပြောကြ၏။
17
သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော် ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာ တော်တိုက်၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင်၊ ရှာဖွေ စေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက် တော်မူပါဟု လျှောက်စာ၌ ပါသတည်း။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options