ဧဇရမှတ်စာ 2:36-42
36
ယဇ်ပုရောဟိတ်စာရင်းဟူမူကား၊ ယောရှုအမျိုး ထဲက၊ ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက်၊
37
ဣမေရ အမျိုးသားတထောင်ငါးဆယ် နှစ်ယောက်၊
38
ပါရှုရ အမျိုးသားတထောင်နှစ်ရာ လေးဆယ် ခုနစ်ယောက်၊
39
ဟာရိမ်အမျိုးသား တထောင်တဆယ်ခုနစ် ယောက်တည်း။
40
လေဝိသားစာရင်းဟူမူကား၊ ဟောဒဝိအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ်လေး ယောက်၊
41
သီချင်းသည် အာသပ်အမျိုးသား တရာနှစ်ဆယ် ရှစ်ယောက်၊
42
တံခါးစောင့်အမျိုးသားတည်းဟူသော ရှလ္လုံအမျိုးသား၊ အာတာအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသား အပေါင်း တရာသုံးဆယ်ကိုးယောက်တည်း။
Settings