Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 43:1-6

ယေဇကျေလအနာဂတ္တိကျမ်း 43:1-6

1
ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးဝသို့ တဖန်ခေါ်သွား၏။
2
ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော် သည် အရှေ့မျက်နှာမှလာ၍၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ဖြစ်၏။ ရောင်ခြည်တော်အားဖြင့် မြေတပြင်လုံး လင်း၏။
3
ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်း ငှါ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့်တူ၏။ ထင်ရှား သောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဘူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပြပ်ဝပ်လျက်နေ၏။
4
ထာဝရဘုရား၏ ဘုန်းတော်သည် အရှေ့ဘက် သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော်ထဲသို့ ဝင်တော်မူ၏။
5
ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်း တန်တိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တအိမ်လုံးကို ဖြည့်တော်မူ၏။
6
အရင်လူသည် ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြား သည်ကား၊
Settings

Reading Style

Typeface

Font Size 19px

Options