Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 34:25-29

ယေဇကျေလအနာဂတ္တိကျမ်း 34:25-29

25
သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌အိပ်ပျော်ကြလိမ့်မည်။
26
သူတို့ကို၎င်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသော အရပ်တို့ကို၎င်း ငါကောင်းကြီးပေး၍၊ အချိန်တန် လျှင် မိုဃ်းကိုရွာစေသဖြင့်၊ ကောင်းကြီးမိုးရေ ကျရ လိမ့်မည်။
27
တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်သောသူတို့ လက်မှကယ်နှုတ်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။
28
နောက်တဖန်တပါး အမျိုးသားတို့သည် မလု မယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှမကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။
29
အသရေရှိသော ဥယျာဉ်ကိုလည်း သူတို့အဘို့ ငါပြုစုမည်။ နောက်တဖန်ပြည်၌ အစာအဟာရ ခေါင်း ပါး၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မခံရကြ။ တပါး အမျိုးသားတို့၏ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options