ယေဇကျေလအနာဂတ္တိကျမ်း 26:13-15
13
သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ၍၊ သင်တီး သော စောင်းသံကို နောက်တဖန် အဘယ်သူမျှမကြားရ။
14
သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ငိုက်ကွန်လှန်ရာ အရပ်ဖြစ်ရလိမ့်မည်။ နောက်တဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
15
တုရုမြို့ကို ရည်မှတ်၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အလယ်၌ ကြီးစွာသော လုပ်ကြံခြင်း အမှုဖြစ်၍၊ ထိခိုက်သော သူတို့သည် အော်ဟစ်သောအခါ၊ သင်ပြိုလဲခြင်း အသံကြောင့် တကျွန်းတနိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည်။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်