Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 26:7-14

နေဗုခဒ်နေဇာ၏ ဝိုင်းရံတိုက်ခိုက်ခြင်းနှင့် ဖျက်ဆီးခြင်း

ယေဇကျေလအနာဂတ္တိကျမ်း 26:7-14
7
တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဘုရင်တို့၏ဘုရင်တည်းဟူသော မြောက်မျက်နှာရှင် ဘုရင်နေဗုခဒ်နေဇာကို၊ မြင်းထားရထား၊ မြင်းစီးသူရဲ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့ မည်။
8
သူသည်လယ်ပြင်၌ရှိသော သင်၏သားသမီးတို့ကို ထားနှင့်သတ်လိမ့်မည်။ သင့်တလက်၌ ရဲတိုက်ကိုတည်၍ မြေရိုးကိုဖို့ပြီးလျှင်၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည်။
9
သင်၏မြို့ရိုးတဘက်တချက်၊ ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထား၍ သင်၏ရဲတိုက်တို့ကို တူးရွင်းနှင့် ဖြိုချလိမ့်မည်။
10
မြင်းများသောကြောင့် မြေမှုန့်သည် သင့်ကို ဖုံးလွှမ်းလိမ့်မည်။ တိုက်ဖျက်သော မြို့ထဲသို့ဝင်တတ် သကဲ့သို့ သင်၏မြို့တံခါးသို့ ဝင်သောအခါ၊ လှည်းရထား မျိုးမြည်သံ၊ မြင်းစီးသူရဲတို့ အသံကြောင့် သင်၏မြို့ရိုး လှုပ်ရှားလိမ့်မည်။
11
မြင်းခွာတို့ဖြင့် သင်၏လမ်းရှိသမျှတို့ကို နင်း လျက်၊ သင်၏လူတို့ကို ထားနှင့်သတ်၍၊ သင်ခိုလှုံစရာ ရုပ်တုဆင်းတုတို့သည် မြေတိုင်အောင် ပြိုလဲကြလိမ့်မည်။
12
သင်၏ဥစ္စာကို လုယူ၍သင်၏ကုန်များကိုလည်း သိမ်းယူကြလိမ့်မည်။ သင်၏အုတ်ထရံတို့ကို ဖြို၍ဘုံဗိမာန် တို့ကို ဖျက်ပြီးလျှင်၊ သင်၏ ကျောက်၊ သစ်သား၊ မြေတို့ကို ရေထဲမှာ ချပစ်ကြလိမ့်မည်။
13
သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ၍၊ သင်တီး သော စောင်းသံကို နောက်တဖန် အဘယ်သူမျှမကြားရ။
14
သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ငိုက်ကွန်လှန်ရာ အရပ်ဖြစ်ရလိမ့်မည်။ နောက်တဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options