Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 25:11-17

ယေဇကျေလအနာဂတ္တိကျမ်း 25:11-17

11
မောဘပြည်ကိုလည်း ငါသည် အပြစ်ဒဏ် စီရင် ၍၊ ငါသည် ထာဝရားဖြစ်ကြောင်းကို သူတို့သိကြရလိမ့် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
12
တဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှါ၊ ယုဒ အမျိုးတဘက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊
13
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကိုငါတိုက်၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်မည်။ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင် အောင် ထားဖြင့် ဆုံးရကြလိမ့်မည်။
14
ငါ၏လူဣသရေလ အမျိုးသားများအားဖြင့်၊ ဧဒုံ ပြည်ကိုငါ၏ ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးမည်။ သူတို့ သည် ငါ၏အမျက်အရှိန်အားကြီးသည့်အတိုင်း ဧဒုံပြည် ကို ပြုကြလိမ့်မည်။ ငါပေးသော အပြစ်ဒဏ်ကို သိရ ကြလိမ်မည်ဟု ရှင်ထာဝရဘုရားမိန့်တော်မူ၏။
15
တဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလို သောစိတ်အားကြီးသည်နှင့် ဒေါသအလိုကုပြည့်စုံစွာ ပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှါ အပြစ်ဒဏ် ပေးသော ကြောင့်၊
16
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖိလိတ္တိလူတို့ကို ငါထိုက်၍ ခေရသိလူတို့ကို ပယ်ဖြတ်မည်။ ပင်လယ်ကမ်းနား၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီး မည်။
17
ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသော အပြစ်ဒဏ်ကို ပေးမည်။ ထိုသို့ငါ၏ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်