အကြောင်းအရာသို့ ကျော်သွားရန်
ယေဇကျေလအနာဂတ္တိကျမ်း 1:22-28

ယေဇကျေလအနာဂတ္တိကျမ်း 1:22-28

22
ထိုသတ္တဝါတို့၏ ခေါင်းများအပေါ်မှာ မိုဃ်း မျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက် ဘွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ဖြစ်၏။
23
မိုဃ်းမျက်နှာကြက်အောက်မှာ သူတို့အတောင် များသည် တခုသို့တခုတည့်တည့်ပြန့်လျက်ရှိ၍၊ ပြင်ဘက် ၌လည်း ကိုယ်ကိုဖုံးစရာဘို့ အတောင်နှစ်ခုစီရှိ၏။
24
သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့၎င်း၊ အနန္တတန်ခိုးရှင်၏အသံတော်ကဲ့သို့၎င်း၊ အတောင်တို့မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏။
25
ရပ်၍အတောင်တို့ကို ချသောအခါ၊ သူတို့၏ ခေါင်းများအပေါ်မှာ မိုဃ်းမျက်နှာကြက်ထဲက စကားသံ သည် ထွက်၏။
26
သူတို့၏ခေါင်းများအထက်၊ မိုဃ်းမျက်နှက်ကြက် အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင် ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဍာန် အပေါ်၌လည်း လူပုံသဏ္ဍာန်ကဲ့သို့ ပေါ်၏။
27
ပလ္လင်အတွင်း၌၎င်း၊ ပတ်လည်၌၎င်း၊ ခါး သဏ္ဍာန်မှသည် အထက်ပိုင်း၌ ဟရှမေလရွှေအရောင် နှင့်မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီး အရောင်ကဲ့သို့ ထင်ရှား ၍ ပတ်လည်၌ ထွန်းတောက်လေ၏။
28
ထိုသို့ထွန်းတောက်သော အရောင်သည် မိုဃ်း ရွာသောနေ့တွင်၊ မိုဃ်းတိမ်၌ပေါ်သော သက်တံ့၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွှေကား၊ ထာဝရဘုရား၏ ဘုန်းတော်သဏ္ဌာန်အဆင်းအရောင်ဖြစ်သတည်း။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options