Skip to content
ဒံယေလအနာဂတ္တိကျမ်း 2:46-49

ရှင်ဘုရင်က ဒံယေလနှင့် ဘုရားသခင်ကို ဂုဏ်ပြုခြင်း

ဒံယေလအနာဂတ္တိကျမ်း 2:46-49
46
ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သက္ကာပြုခြင်းငှါ၎င်း၊ နံ့သာမျိုးကို မီးရှို့၍ ဆပ်ကပ်ခြင်းငှါ၎င်း စီရင် တော်မူလျက်၊
47
ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရား သခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏ အရှင်၊ နက်နဲသော အရာကိုဖွင့်ပြတော်မူသော သခင်ဖြစ် တော်မူ၏ဟု မိန့်တော်မူ၍၊
48
ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလပ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ၌၎င်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌၎င်း ခန့်ထားတော်မူ၏။
49
ထိုအခါ ဒံယေလသည် သံတော်ဦးတင်သော ကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေ ဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော် မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options