Skip to content
အာမုတ်အနာဂတ္တိကျမ်း 2:9-12

ဘုရားသခင်၏ အတိတ်ကကျေးဇူးတော်နှင့် ဣသရေလ၏ ပုန်ကန်ခြင်း

အာမုတ်အနာဂတ္တိကျမ်း 2:9-12
9
အာရဇ်ပင်အရပ်နှင့်အမျှ မြင့်၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသောအာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါ ပယ်ရှား၍၊ အထက်၌ သူ၏အသီးကို၎င်း၊ အောက်၌ သူ၏အမြစ်ကို၎င်း ငါဖျက်ဆီးပြီ။
10
သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ယူ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ၊ အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်ပြီ။
11
သင်တို့သားအချို့ကို ပရောဖက်အရာ၊ လုလင်အချို့ကို နာဇရိလူအရာ၌ ငါခန့်ထားပြီ။ အိုဣသရေလ အမျိုးသားတို့၊ ဤစကားမှန်သည် မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏။
12
သင်တို့မူကား၊ နာဇရီလူသောက်ဘို့ စပျစ်ရည်ကိုပေးကြပြီ။ ပရောဖက်တို့ကိုလည်း၊ ပရောဖက်ပြု၍ မဟောကြနှင့်ဟု မြစ်တားကြပြီ။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options