အကြောင်းအရာသို့ ကျော်သွားရန်
တမန်တော်ဝတ္ထု 10:19-33

တမန်တော်ဝတ္ထု 10:19-33

19
ပေတရုသည်ထိုဗျာဒိတ်ရူပါရုကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။
20
ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊
21
ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသော သူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။
22
ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်း တည်းဟူသော တပ်မှူး ကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏ စကားကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။
23
ပေတရုသည်လည်းထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ် ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့ နှင့်အတူ သွားသဖြင့်၊ ယုပွေ မြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ၏။
24
ထိုနောက်တနေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိ အဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကို မြော်လင့်လျက်နေကြ၏။
25
ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ပြပ်ဝပ်လျက် ကိုးကွယ်လေ၏။
26
ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။
27
ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိ ကြသော လူများကိုတွေ့လျှင်၊
28
ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တပါး အမျိုးသားတို့နှင့် မပေါင်းတော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ် ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။
29
ထိုကြောင့်ငါ့ကိုခေါ်ကြသောအခါ ငါသည် မငြင်းမခုံဘဲလျက် လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်း ကြောင့် ငါ့ကိုခေါ်ကြသနည်း၊ ငါမေးလိုသည်ဟု ထိုသူတို့ အားပြောဆို၏။
30
ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ်၌ဆုတောင်းလျက် နေသည်၊ ယခု လေးရက်ရှိပါပြီ။ ထိုအချိန်၌ လူတယောက်သည် ထွန်းတောက်သောအဝတ်ကို ဝတ်လျက် အကျွန်ုပ် ရှေ့မှောက်၌ရပ်၍၊
31
ကော်နေလိ၊ သင်ပြုသောပဌနာကို ဘုရားသခင်သည် ကြား၍၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ။
32
ထိုကြောင့်ယုပွေမြို့သို့စေလွှတ်၍ ပေတရု အမည်သစ်ကို ရသော ရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ် သမားရှိမုန်၏ အိမ်၌တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြော လိမ့်မည်ဟုပြောဆိုပါ၏။
33
ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန် စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသော အားဖြင့် ကောင်းမွန်စွာပြုပါ ပြီ။ သို့ဖြစ်၍ ဘုရားသခင် သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင် ခြင်းငှါ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင် ရှေ့တော်၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို၏။
Settings

Reading Style

Typeface

Font Size 19px

Options