Skip to content
ဓမ္မရာဇဝင်ဒုတိယစောင် 6:16-23

ဓမ္မရာဇဝင်ဒုတိယစောင် 6:16-23

16
ထာဝရဘုရား၏သေတ္တာတော်သည် ဒါဝိမြို့ထဲသို့ရောက်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြတင်းပေါက်ဖြင့် ကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ ကလျက်ခုန်လျက်လာသည်ကိုမြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။
17
ထာဝရဘုရား၏ သေတ္တာတော်ကိုသွင်း၍ ဒါဝိဒ် ဆောက်နှင့်သောတဲအလယ်တွင် သူ့နေရာ၌ ထားကြပြီးမှ၊ ဒါဝိဒ်သည်မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ထာဝရဘုရားရှေ့တော်၌ ပူဇော်လေ၏။
18
မီးရှို့ရာယဇ်နှင့်မိဿဟာယ ယဇ်ပူဇော်ခြင်း အမှုကို ပြီးစီးသောအခါ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းကြီးပေးလေ၏။
19
ဣသရေလပရိသတ် ယောက်ျားမိန်းမအပေါင်းတို့အား မုန့်တပြား၊ အမဲသားတတစ်၊ စပြစ်သီး ပျဉ် တပြားစီ ဝေငှပြီးမှ၊ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။
20
ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွား၍ရောက်သောအခါ၊ ရှောလု ၏သမီး မိခါလသည် ဆီး၍ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့၊ ယနေ့ ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည်၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကားဟုဆို၏။
21
ဒါဝိဒ်ကလည်း၊ သင့်အဘနှင့်သူ၏ အဆွေအမျိုး အပေါင်းတို့၏ကိုယ်စား၊ ငါ့ကိုရွေးကောက်၍ ထာဝရ ဘုရား၏လူ၊ ဣသရေလအမျိုးကို အုပ်စိုးသော မင်းအရာ၌ ခန်းထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်မည်။
22
ထိုမျှမက၊ ငါသာ၍ယုတ်မာမည်။ ကိုယ် အထင်အတိုင်းကိုယ်ကိုသာ၍ နှိမ့်ချမည်၊ သင်ပြောသော ကျွန်မများမူကား၊ ငါ့ကိုချီးမွမ်းကြလိမ့်မည်ဟု မိခါလကို ပြန်ပြော၏။
23
ရှောလု၏သမီးမိခါလသည် တသက်လုံးသားကို မဘွားမမြင်ရ။
Settings

Reading Style

Typeface

Font Size 19px

Options