Skip to content
ဓမ္မရာဇဝင်စတုတ္ထစောင် 7:17-20

ဓမ္မရာဇဝင်စတုတ္ထစောင် 7:17-20

17
ရှင်ဘုရင်မှီခြင်းကိုခံရသော အမတ်သည်၊ အမိန့်တော်တိုင်း တံခါးတော်ကို စောင့်သည်တွင်၊ ထွက်ဝင်သောသူတို့ နင်းမိ၍ ဘုရားသခင်၏လူသည် ရှင်ဘုရင် ရောက်လာသောအခါ ပြောဆိုနှင့်သည် အတိုင်း၊ ထိုအမတ်သေလေ၏။
18
ဘုရားသခင်၏ လူက၊ နက်ဖြန်နေ့ယခုအချိန် ရောက်လျှင်၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယော ဆန်တခွဲကို တကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့် မည်ဟု ရှင်ဘုရင်အား ဆင့်ဆိုသည်အတိုင်း ဖြစ်၏။
19
အမတ်ကလည်း၊ ထာဝရဘုရားသည် မိုဃ်း ကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏ လူအား ဆို၍၊ ဘုရားသခင်၏လူက သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟုပြန်ပြောသည် အတိုင်း၊
20
ထိုအမတ်၌ ဖြစ်၏။ မြို့တံခါးဝမှာမြို့သားတို့ နင်းခြင်းကို ခံရ၍သေလေ၏။
Settings

Reading Style

Typeface

Font Size 19px

Options