ရာဇဝင်ချုပ်ဒုတိယစောင် 36:5-8
5
ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံ လေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
6
ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ယူသွားခြင်းငှါ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။
7
ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား ၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
8
ယောယကိမ်ပြုမူသော အမှုအရာ ကြွင်းလေ သမျှတို့နှင့် ပြုမိသော ရွံရှာဘွယ်အမှု၊ ထင်ရှာသော စိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Settings