ရာဇဝင်ချုပ်ဒုတိယစောင် 34:14-18
14
ဗိမာန်တော်သို့ ဆောင်ခဲ့သောငွေကို ထုတ်သောအခါ၊ ယဇ်ပုရောဟိတ်ဟိလခိသည် မောရှေ ရေးထားသော ထာဝရဘုရား၏ ပညတ္တိကျမ်းစာစောင် ကို တွေ့၍၊
15
တွေ့ကြောင်းကို စာရေးတော်ရှာဖန်အား ပြောလျက် ထိုကျမ်းစာကို အပ်ပေး၏။
16
ရှာဖန်သည် ရှင်ဘုရင်ထံသို့ ယူသွား၍၊ ကိုယ် တော်ကျွန်တို့သည် မှာထားတော်မူသမျှအတိုင်း ပြုကြ ပါ၏။
17
ဗိမာန်တော်၌ တွေ့သောငွေကို မှုတ်၍၊ အုပ်ချုပ် သောသူနှင့် လုပ်ဆောင်သောသူတို့၌ အပ်ပါပြီဟူ၍၎င်း၊
18
ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
Settings