Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 11:17-23

ရာဇဝင်ချုပ်ဒုတိယစောင် 11:17-23

17
ထိုသူတို့သည် ယုဒနိုင်ငံကို အားပေး၍ ရှော လမုန်သား ရောဗောင်ကို သုံးနှစ်ပတ်လုံးခိုင်ခံ့စေကြ၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း၊ ရှောလမုန်လမ်းသို့ လိုက်ကြ ၏။
18
ရောဗောင်သည်လည်း ဒါဝိဒ်သား ယေရိမုတ် သမီး မဟာလတ်၊ ယေရှဲသား ဧလျာဘသမီး အဘိဟဲလ နှင့်စုံဘက်၍၊
19
ယုရှ၊ ရှမာရိ၊ ဇာဟံ၊ သားသုံးယောက်တို့ကို မြင်ရ၏။
20
ထိုနောက်၊ အဗရှလုံသမီးမာခါနှင့်စုံဘက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလောမိတ်တို့ကို မြင်ရ၏။
21
ရောဗောင်သည် ခင်ပွန်းတဆယ်ရှစ်ယောက်၊ ဗမာင်းမမိဿံ ခြောက်ဆယ်တို့ကို သိမ်းယူ၍၊ သားနှစ် ဆယ်ရှစ်ယောက်၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင်၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမ မိဿံအပေါင်းတို့ထက်သာ၍ ချစ်သောကြောင့်၊
22
မာခါ၏ သားအဘိယကို ရှင်ဘုရင်အရာ၌ ခန့် ထားမည်အကြံရှိ၍၊ ညီအစ်ကိုတို့တွင်၊ အကြီးဆုံးဖြစ်စေ ခြင်းငှါ ချီးမြှောက်လေ၏။
23
ပညာသတိနှင့်စီရင်၍၊ ယုဒခရိုင်ဗင်္ယာမိန်ခရိုင် အရပ်ရပ်တို့တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ မိမိသားတို့ကို အနှံ့အပြားနေရာချ၍၊ များစွာသောရိက္ခာကို သိုထား၏။ မယားများတို့ကို အလိုရှိ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options