Skip to content
သက်သာလောနိတ်ဩဝါဒစာပဌမစောင် 3:1-5

သက်သာလောနိတ်ဩဝါဒစာပဌမစောင် 3:1-5

1
ထိုကြောင့် ငါသည် တဖန်မအောင့်နိုင်သောအခါ၊ အာသင်မြို့၌ တယောက်တည်းကျန်ရစ်၍ နေခြင်းငှါ အလိုရှိ၏။
2
ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ ဘုရားသခင်၏ အမှုတော်ကို လုပ်ဘော်ဆောင်ဘက် ဖြစ်သော ငါ့ညီတိမောသေကို လွှတ်လိုက်၏။
3
ငါတို့ခံရသော ဆင်းရဲခြင်းကြောင့် အဘယ်သူမျှ မရွေ့လျော့မည်အကြောင်း၊ သင်တို့ကိုမြဲမြံစေ၍၊ ယုံကြည်ခြင်းအရာ၌ သင်တို့ကို တိုက်တွန်းနှိုးဆော်စေခြင်းငှါ သူ့ကို ငါလွှတ်လိုက်၏။
4
ထိုဆင်းရဲခြင်းကို ခံစေမည်အကြောင်း ၊ ငါတို့ကို ခန့်ထားတော်မူသည်ဟု သင်တို့ကိုယ်တိုင် သိကြ၏။ အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ဆင်းရဲခြင်းကို ခံရလိမ့်မည်ဟု သင်တို့နှင့် အတူရှိစဉ်အခါ ငါတို့ပြောနှင့် ကြပြီ။ ထိုသို့ပြောသည်အတိုင်း ဖြစ်သည်ကို သင်တို့လည်း သိကြ၏။
5
စုံစမ်းသွေးဆောင်တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့်၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီးဖြစ်မည်ဟု စိုးရိမ်၍ မအောင့်နိုင်သောအခါ သင်တို့၏ ယုံကြည်ခြင်းကို သိလိုသောငှါ ငါစေလွှတ်၏။
Settings

Reading Style

Typeface

Font Size 19px

Options