Skip to content
ဓမ္မရာဇဝင်ပဌမစောင် 15:32-35

ဓမ္မရာဇဝင်ပဌမစောင် 15:32-35

32
ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ် က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။
33
ရှမွေလက၊ မိန်းမများတို့သည် သင်၏ထားကြောင့် သားဆုံးသကဲ့သို့၊ သင်၏ အမိသည် သားဆုံး သော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။
34
ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွား လေ၏။
35
ရှောလု အနိစ္စမရောက်မှီတိုင်အောင်၊ ရှမွေလသည် နောက်တဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာ ညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရတော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options