ဓမ္မရာဇဝင်တတိယစောင် 11:35-42
35
ရှောလမုန်၏သားလက်မှ နိုင်ငံတော်ကို နှုတ်၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည်။
36
ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန်သားအား တခရိုင်ကို ငါပေး၏။
37
သင့်ကိုငါရွေးယူ၍၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံလျက်ဣသရေလအမျိုးတွင် မင်းပြု ရ၏။
38
သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့ လိုက်လျက်၊ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူငါရှိ၍ ဒါဝိဒ်အဘို့ မြဲမြံ သောအိမ်ကို ဆောက်သည်နည်းတူ၊ သင့်အဘို့ဆောက်၍ ဣသရေလနိုင်ငံကို ငါပေးမည်။
39
ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ရှက်မည်။ သို့ရာတွင် အစဉ်နှောင့်ရှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
40
ရှောလမုန်သည် ယေရောဗောင်ကိုသတ်မည်ဟု အားထုတ်သည်ရှိသော်၊ ယေရောဗောင်သည် ထ၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုရှင်ဘုရင် ရှိရက်ထံသို့ပြေးသဖြင့်၊ ရှောလမုန်သေသည်တိုင်အောင် အဲဂုတ္တုပြည်၌ နေလေ ၏။
41
ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှနှင့်၊ သူ၏ပညာစကားသည် ရှောလမုန်ဝတ္ထု၌ ရေးထား လျက်ရှိ၏။
42
ရှောလမုန်သည် ယေရုရှလင်မြို့၌နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings