Skip to content
ကောရိန္သုဩဝါဒစာပဌမစောင် 16:15-18

ကောရိန္သုဩဝါဒစာပဌမစောင် 16:15-18

15
ညီအစ်ကိုတို့၊ သတေဖန်၏အိမ်သူအိမ်သား တို့သည် အခါယပြည်တွင်အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှါ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ၊
16
ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း၊ ငါတို့နှင့် အတူလုပ်ကိုင်၍ အမှုဆောင်သောသူရှိသမျှတို့၏ အုပ်စိုးခြင်းကို၎င်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါ တောင်းပန်၏။
17
သတေဖန်၊ ဖော်တုနတ်၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။
18
အကြောင်းမူကား၊ သင်တို့သည် ပြုစု၍မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံကြလော့။
Settings

Reading Style

Typeface

Font Size 19px

Options